စံနှုန်းများနှင့် အခြေခံမူများ

အိုင်အန်ဂျီအိုဖိုရမ်သည် အောက်ပါ စံနှုန်းများနှင့် အခြေခံမူများကို မြှင့်တင်ပြီး လိုက်နာဆောင်ရွက်သည် -

  • ကျွန်ုပ်တို့သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ ကျင့်ဝတ်စည်းမျဉ်းတွင်ဖော်ပြထားသည့် လူသားဆန်မှု၊ ဘက်မလိုက်မှု၊လွတ်လပ်မှုစသည့် လူသားချင်းစာနာမှုဆိုင်ရာအခြေခံမူများကိုလေးစားလိုက်နာပါသည်။
    • လူသားဆန်မှု - လူသားတစ်ဦးအဖြစ် လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ရှင်သန်ခွင့်အတွက် ရပ်တည် တောင်းဆိုပေးခြင်းနှင့် လူအများသိရှိလာစေရန် ဆောင်ရွက်ခြင်း၊ လူသားများကြုံတွေ့ခံစားနေရ သည့် ဘေးဒုက္ခများ လျော့ပါးစေရန် သို့မဟုတ် မဖြစ်ပွားအောင် ကာကွယ်တားဆီးပေးရန် ဖြစ်နိုင်ခြေရှိသည့် အဆင့်တိုင်းကို ဆောင်ရွက်ခြင်း၊
    • ဘက်မလိုက်မှုနှင့် ဘာသာအယူဝါဒ ကူးပြောင်းအောင် မလုပ်ဆောင်မှု - ကူညီထောက်ပံ့မှုများကို နိုင်ငံသားဖြစ်မှု၊ ကိုးကွယ်ရာဘာသာနှင့် နိုင်ငံရေးခံယူချက်များအပေါ် မူတည်ခြင်း မရှိဘဲ လိုအပ်ချက် အလိုက်သာ ဆောင်ရွက်ပေးအပ်ခြင်း၊
    • လွတ်လပ်စွာရပ်တည်မှု - ကူညီထောက်ပံ့မှုများကို နိုင်ငံရေး၊ စီးပွားရေး၊ စစ်ဖက်ဆိုင်ရာ ရည်ရွယ်ချက်များ ပါဝင်ပတ်သက်မှုမရှိဘဲ ဆောင်ရွက်ပေးအပ်ခြင်း။
  • ကျွန်ုပ်တို့သည် ထိခိုက်မှု မဖြစ်စေသည့် နည်းလမ်းများ (do no harm) ဟူသည့် မူဝါဒကို ကျင့်သုံးသည်။ လူသားချင်းစာနာမှု လုပ်ငန်းများကြောင့် ဒေသခံအသိုက်အဝန်းများ သို့မဟုတ် ပတ်ဝန်းကျင် အပေါ် သက်ရောက်နိုင်သည့် ဆန့်ကျင်ဘက် အကျိုးတရားများ နည်းနိုင်သမျှ နည်းစေရန် ထိခိုက်ခံရသည့် အသိုက်အဝန်းများအပြင် သက်ဆိုင်ရာ အာဏာပိုင်များဖြင့် လက်တွဲဆောင်ရွက်သည်။ လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားချိန်တွင် ပေးအပ်လိုက်သော လူသားချင်းစာနာမှု အထောက်အပံ့များက လက်ခံရရှိသော ပြည်သူများအတွက် တိုက်ခိုက်ခံရနိုင်ခြေ ပိုများနိုင်ကြောင်း သို့မဟုတ် ပဋိပက္ခဖြစ်ပွားလျက်ရှိသည့် သက်ဆိုင်သူများအကြားမရည်ရွယ်ဘဲ တစ်ဖက်ဖက်အတွက် (one or more of the parties) အကျိုးခံစားခွင့် ပိုသွားစေနိုင်သည့် အခြေအနေများ ပေါ်ပေါက်နိုင်ကြောင်း ကျွန်ုပ်တို့ သိရှိပါသည်။ အထက်ဖော်ပြပါ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများနှင့် ကိုက်ညီမှုရှိသည့် ကာလပတ်လုံး ထိုသို့သော မလိုလားအပ်သည့် ကိစ္စရပ်များ နည်းနိုင်သမျှနည်းအောင် လုပ်ဆောင်သွားလိုသည့်ဆန္ဒ ကျွန်ုပ်တို့ထံတွင် ရှိသည်။
  • ကျွန်ုပ်တို့အဖွဲ့ဝင်များအနေဖြင့် ထိရောက်မှုရှိစွာနှင့် အကျိုးဖြစ်ထွန်းမှုရှိစွာ အတူတကွ ဆောင်ရွက်နိုင်သည့် အဆင်ပြေလွယ်ကူသော ရပ်ဝန်းတစ်ခု ဖြစ်သည်ဟု ကျွန်ုပ်တို့ယုံကြည်သည်။
  • ကျွန်ုပ်တို့သည် ကျွန်ုပ်တို့က ကူညီပေးနေသူများ၊ ကျွန်ုပ်တို့အား အရင်းအမြစ်များ ပေးအပ်နေသူများ၊ တရားဥပဒေ စိုးမိုးရန် လုပ်ဆောင်နေသူများအပေါ် ကျွန်ုပ်တို့က တာဝန်ခံသည်။ ကျွန်ုပ်တို့၏ မူဝါဒများ၊ ဖွဲ့စည်းပုံများ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်မှုများမှတစ်ဆင့် ကျွန်ုပ်တို့ထံမှ အကျိုးခံစားခွင့် ရရှိနေသူများ၊ ကျွန်ုပ်တို့၏ မိတ်ဖက်များ၊ stakeholders များအပေါ် တာဝန်ခံသည်။
  • ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်ရွက်မှုများမှတစ်ဆင့် အကျိုးအမြတ်မရှာပါ။ ကျွန်ုပ်တို့ဖြစ်တည်မှု၏ ရည်ရွယ်ချက်သည် အကျိုးအမြတ်ရှာရန်အတွက်မဟုတ်ပါ။
  • ကျွန်ုပ်တို့သည် မည်သည့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းကိုမျှ ၎င်းတို့၏ ကျား/မ၊ နိုင်ငံရေးယုံကြည်ချက်၊ တိုင်းရင်းသားဖြစ်မှု၊ ယုံကြည်ကိုးကွယ်မှု သို့မဟုတ် လိင်စိတ်တိမ်းညွှတ်မှုကို အကြောင်းပြု၍ မည်သို့သောခွဲခြားဆက်ဆံမှုကိုမျှ ပြုလုပ်မည်မဟုတ်ပါ။
  • ကျွန်ုပ်တို့ ဆောင်ရွက်သောလုပ်ငန်းများအားလုံးအပေါ် အမြင့်မားဆုံးသော ရိုးသားဖြောင့်မတ်မှုနှင့် ပညာရှင် ဆန်မှုများ ကိုထိန်းသိမ်းထားပါမည်။
  • ကျွန်ုပ်တို့ထံတွင် မည်သို့သော နည်းလမ်း၊ မည်သို့သော ပုံစံဖြင့်မဆို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် အလွဲသုံးစားလုပ်မှုမျိုးကိုမျှ လုံးဝသည်းမခံသည့် မူဝါဒ ရှိပြီး၊ ကျွန်ုပ်တို့သည် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် အလွဲသုံးစားလုပ်မှုကို ကာကွယ်နိုင်ရန် Protect against Sexual Exploitation and Abouse (PESA) ကျင့်ဝတ်စည်းမျဉ်းကို အဖွဲ့ဝင်များအတွက် ကျင့်သုံးသည်။