အိုင်အန်ဂျီအိုဖိုရမ်သည် မြန်မာနိုင်ငံအတွင်းရှိ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းအသိုက်အဝန်း အတွက် အဖွဲ့ဝင်များအချင်းချင်း ပိုမိုကောင်းမွန်သော မိတ်ဖက်များတည်ဆောက်နိုင်ရန်နှင့် နိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီများ၊ ဖွံ့ဖြိုးရေး အထောက်အပံ့များနှင့် ငြိမ်းချမ်းရေး တည်ဆောက် ရာတွင် ပိုမိုကောင်းမွန်သော ညှိနှိုင်းဆောင်ရွက်မှု၊ ထိရောက်ပြီး သဟဇာတဖြစ်မှုကို ရည်မှန်းသည့် ရပ်ဝန်းတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များ ပြည့်မီပြီး၊ ရပ်ရွာအသိုက်အဝန်းများ ကိုယ်တိုင် ရေရှည်တည်တံ့၍ ဟန်ချက်ညီသော ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် နိုင်ငံတစ်ခုဖြစ်လာရန် မျှော်မှန်းထားပါသည်။

ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ကိုယ်စားပြုခြင်း

အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အခြား stakeholders များအကြား ထိရောက်မှုရှိသော မိတ်ဖက်များ တည်ဆောက်ပေးခြင်း

အသိပေးတောင်းဆိုခြင်းနှင့် ဆက်သွယ်ခြင်း

အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ပြီး တစ်စုတစ်စည်းတည်း ထုတ်ဖော်ပြောဆိုနိုင်မည့် အဆင်ပြေ လွယ်ကူသော ရပ်ဝန်းတစ်ခု တည်ဆောက်ပေးခြင်း

သတင်းအချက်အလက် စီမံခန့်ခွဲခြင်း

သတင်းအချက်အလက်များနှင့် အလေ့အထကောင်းများကိုမျှဝေနိုင်မည့် အထောက်အကူပြုနေရာတစ်ခု စီစဉ်ပေးခြင်း

စွမ်းဆောင်ရည် တည်ဆောက်ခြင်း

လုပ်ငန်းဆောင်ရွက်မှုနှင့် စီမံကိန်းများ လုပ်ကိုင်ရာတွင် တိုးတက်လာစေခြင်း